Blogger Widgets

Powered By Blogger Widgets

Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, August 19, 2013

Sony Eperia Z android 4.2.2 build number 10.3.1.A.0.244 latest update ကို Root ကြမယ်

Sony Xperia Z android 4.2.2 build number 10.3.1.A..0.244 latest update ကို Root လုပ်နည်းလေးပါ။ 
ဒီနည်းလေးက root လုပ်နေကျသူတွေအတွက် မူရင်းလင့်ကိုကြည့်လိုက်တာနဲ့ ၁၀ မိနစ်အတွင်းပြီးအောင်လုပ်နိုင်ပါလိမ့်မယ် မသိသေးတဲ့သူတွေအတွက် စိတ်ရှည်ရှည်နဲ့လုပ်ကြည့်ကြရအောင်ပါ... မူရင်းလင့်က ဒီမှာပါ ကဲစလိုက်ကြစို့သူငယ်ချင်း အောက်ကအီး..........ဘွတ်
 ၁။ပထမဆုံးယူစရာရှိတာတွေယူထားလိုက်ပါ။
၂။download ဆွဲထားတဲ့ flashtool လေးကို double click ပြီး pc မှာ install လုက်လိုက်ပါ။
၃။Sony Xperia Z Usb driver for window ကို install လုပ်ပါ ပြီးရင် C/flashtool/driver/flashtool-driver ဆိုတဲ့ application လေးကို double click လိုက်ရင် box လေးတစ်ခုပေါ်လာပါလိမ့်မယ်..။

 
၎။next ပြိးသွားရင် chack box လေးထဲမှာ Xperia Z and SO-02E driver ဆိုတာကိုရွေပြီး install ဆိုတာကိုနှိပ်လိုက်ပါ။

၎။ပြီးရင်အပေါ်က download ဆွဲထားတဲ့ Xperia Z C660X 10.3.A.0.423 kernel နဲ့ Xperia Z C660X 10.3.1.A.0.244 kernel နှစ်ခုကို copy ကူးပြီး c/flashtool/firmwares ဆိုတဲ့ folder ထဲမှာသွားထည့်ပေးလိုက်ပါ။ 

၅။နောက်တစ်ဆင့်ကဖုန်းထဲမှာ Usb debugging လုပ်ဖို့အတွက် ဖုန်းအသစ်တွေဆိုရင် Usb debuggging mode ပါမလာပါဘူး settings/about phone ရဲ့အပေါ်မှာ developer options ဆိုတဲ့စာတစ်ကြောင်းပျောက်နေတာတွေ့လိမ့်မယ် အဲဒီ developer options ကိုဖေါ်ဖို့အတွက် setting/build number ကို (၇) ချက်လောက်တောက်ပေးလိုက်ရင် developer options လေးပေါ်လာတာတွေ့ရပါလိမ့်မယ် developer options ပေါ်လာရင်settings/developer options/Usb debugging chack box ထဲမှာအမှန်ခြစ်ပေးလိုက်ပါ။
၆။အပေါ်ကအဆင့်တွေပြီးသွားရင် ဖုန်းကို computer မှာ usb ကြိုးနဲ့ဆက်သွယ်လိုက်ပါ window မှာ driver တွေ install လုပ်ပါလိမ့်မယ် ပြီးရင် usb ကြိုးကိုပြန်ဖြုတ်ပြီး ဖုန်းကို power ပိတ်လိုက်ပါ။
၇။computer မှာ flashtool ကိုဖွင့်လိုက်ပါ..

၈။power ပိတ်ထားတဲ့ဖုန်းကို volume down + usb ကြိုးနဲ့ computer မှာတစ်ပြိုင်တည်းထိုးလိုက်ပါ။
၉။flashtool မှာမိုးကြိုးသွားလို logo လေးကိုနှိပ်လိုက်ပါ။
 ၁၀။flashmode ရွေး ok..

 

၁၁။flashtool selector ထဲမှာ xperia 10.3.A.0.423 Generic-NL ကိုရွေး flash ဆိုတာကိုနှိပ် finish ဆိုရင် ဖုန်းကို power ပြန်ဖွင့်လိုက်ပါ။


 

၁၂။ဖုန်း power ပြန်ပွင့်လာရင် computer နဲ့ပြန်ချိတ်လိုက်ပါ computer ထဲမှာ DooMLoRD Easy Rooting Toolkits V18 Zip ဖိုင်ကို ဖြည်လိုက်ရင် runme-win ဆိုတဲ့ window batch file ကို click နှစ်ချက်တောက်ပြီးဖွင့်လိုက်ပါ..
 
 cmd.exe လေးပေါ်လာရင် press any key to continue
 
၁၃။ဖုန်း reboot ကျပြီးပြန်တက်လာရင် superuser လေးဖုန်ထဲရောက်နေပါလိမ့်မယ် မပြီးသေးဘူး ဆက်ကြည့်ပါဦး..
၁၄။နောက်ဆုံး တစ်ဆင့်အနေနဲ့ အပေါ်မှာကျွန်တော်ရှင်းပြခဲ့တဲ့ နံပတ်(၈။)ကနေ နံပတ် (၁၁။)အထိပြန်လုပ်ပြီး နံပတ် (၁၁။)ရောက်ရင် xperia 10.3.A.0.423 Generic-NL ဆိုတဲ့နေရာမှာ Xperia 10.3.1.A.0.244 BE ကိုရွေးပြီး flash လုပ် flashtool က finish ဆိုရင် Sony Xperia Z latest update  build number 10.3.1.A.0.244 (13.8.2013) လေးနဲ့လန်းလိုက်တော့..
ဒီ root လုပ်နည်းလေးက ကျွန်တော်ကိုယ်တိုင် စမ်းသပ်အောင်မြင်ပြီးသားလေးပါ ...။ ဒီပိုစ်လေးရေးနိုင်ဖို့ ကူညီပေးကြတဲ့ ကိုဝင်းကမ္ကာကျော် ဖုန်းတွေအများကြီးယူလာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း ရဲမင်း (ဘယ်ကရလာလဲမသိ) sony xperia Z ဖုန်းအသစ်ကြီးဝယ်လာပြီး စမ်းသပ်ခွင့်ပေးတဲ့ သူငယ်ချင်း အောင်သူဝင်း နဲ့ အားလုံးသောသင်ဆရာ မြင်ဆရာ ကြားဆရာ များအား ကျေးဇူးတင်လျှက်.. မရှင်းတာများရှိရင်မေးမြန်းနိုင်ပါတယ်....
  htwening@gmail.com
ကျွန်တော့်အိမ်လေးတွေပါ.
သီဟဇော်(နည်းပညာနှင့်သတင်း) www.redsky-thihazaw.blogspot.com
ဘ၀အတွက်အကောင်းဆုံးအဖော် www.thebestfriendforlife87.blogspot.com
မိုဘိုင်းနည်းပညာများပြန်လည်မျှဝေခြင်း www.kothihazaw.blogspot.com
သဘောကျတယ်ဆိုရင် Facebook မှာ Like လုပ်ပေးသွားပါနော်...
လာလည်ကြောင်းသိရအောင် Cbox မှာ ခြေရာလေးချန်ခဲ့ပေးပါနော်...
ဘေးရန်ကြောင့်ကျဆင်းရဲကင်းပြီး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ
ကောင်းကျိုးလိုရာတွေနဲ့ ပြည့်ဝကြပါစေ ခင်ဗျာ.

0 comments :

Post a Comment

သီဟဇော်(Mobile&Tech)မှကြိုဆိုပါတယ်။ လာလည်ပါလို့ဖိတ်ပါတယ်ခင်ဗျာ..လာလည်
ကြောင်းလေးသိရအောင်စားလေးချန်ခဲ့ပေးပါနော်။ ယခုဆိုက်လေးမှ အဆင်မပြေမှုများ
တစ်စုံတစ်ရာရှိခဲ့ပါ thihazaw9587@gmail.com သို့မေးလ် ပို့ပြီးဖြစ်စေ Cbox မှာဖြစ်စေ
ကွန်မန်းမှဖြစ်စေပြောသွားနိုင်ပါတယ်ခင်ဗျာ..အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းး
သီဟဇော်(Mobile&Tech) နည်းပညာများပြန်လည်မျှဝေခြင်း